နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းကို ဖြစ်ပေါ်စေသောအကြောင်းအရင်းများမှာ အဘယ်နည်း။
နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းသည် နှလုံး၏ပုံသဏ္ဌာန်နှင့်ဖွဲ့စည်းပုံ မှားယွင်းမှုမရှိသောသူများတွင်လည်း ဖြစ်နိုင်ပါသည်။ ၎င်းရောဂါဖြစ်ရန် အလားအလာရှိသောသူများမှာ အရက်၊ ကော်ဖီ အလွန်အကြူးသောက်သုံးသူများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် အောက်ဖော်ပြပါ ရောဂါအခံရှိသူများ ဖြစ်ကြပါသည်။
(က) နှလုံးနှင့်ဆက်နွယ်နေသောရောဂါများ
- သွေးတိုးရောဂါ
- နှလုံးသွေးကြောကျဉ်းရောဂါ
- နှလုံးအဆို့ရှင်ရောဂါ
- နှလုံးခွဲစိတ်ကုသမှုခံယူထားသူများ
- နှလုံးအားနည်းခြင်း
- နှလုံကြွက်သားအားနည်းသည့်ရောဂါ
- မွေးရာပါနှလုံးရောဂါ
(ခ) နှလုံးနှင့်မဆက်နွယ်သောအခြေအနေများ
- သက်ကြီးရွယ်အိုများ
- အိပ်နေစဉ်အလွန်အကြူးဟောက်သူများ
- ဆီးချိုရောဂါ
- အဆုတ်အတွင်းရှိသွေးကြောပိတ်ရောဂါ
- နာတာရှည်အဆုတ်ရောဂါ
- သိုင်းရွိုက်ဟော်မုန်းမြင့်တက်သောရောဂါ (သို့မဟုတ်) လည်ပင်းကြီးရောဂါ
- နှလုံးကြွက်သားရောင်ရမ်းခြင်း
- ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း
သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ
နှလုံးစည်းချက်မမှန်ခြင်းဆိုင်ရာအထူးကုဆေးခန်း
ဒုတိယထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး