image

ဘန်ကောက်နှလုံးဆေးရုံ မိတ်ဆက်

ဘန်ကောက်နှလုံးဆေးရုံသည် နာတာရှည်နှလုံးသွေးကြောဆိုင်ရာ ကုသမှုအတွက် ခေတ်မှီနိုင်ငံတကာဆေးရုံ ဖြစ်သည်။ BHT သည် နှလုံးနှင့်သွေးကြောဆိုင်ရာအခြေအနေများနှင့် သက်ဆိုင်သောရောဂါများအတွက် ရောဂါရှာဖွေခြင်း၊ ပုံရိပ်ဖော်ခြင်း၊ ကုသခြင်း၊ ပြန်လည်ကျန်းမာခြင်းနှင့် ကာကွယ်ခြင်းတို့ကို ဆောင်ရွက်ပေးပါ သည်။ ခွဲစိတ်ရန်မလိုသောအသေးစားခွဲစိတ်မှုများ၊ ခွဲစိတ်ရန်လိုအပ်သောခွဲစိတ်မှုများ၊ ရောဂါကုသရေးအဆင့်မြင့် ဝန်ဆောင်မှုများနှင့် နှလုံးသွေးကြောဆိုင်ရာခွဲစိတ်မှုများ စုံလင်စွာပါရှိပါသည်။

ဘန်ကောက်နှလုံးဆေးရုံ၏သမိုင်း

ဘန်ကောက်နှလုံးဆေးရုံ (BHT) သည် ထိုင်းနိုင်ငံရှိ အကြီးဆုံးဆေးရုံအုပ်စုဖြစ်ပြီး Bangkok Dusit Medical Service Public Company Limited ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည့် ဘန်ကောက်နှလုံးဆေးရုံ 40 ကျော်ထဲမှ တစ်ခုဖြစ်ပါသည်။ BHT သည် ဘန်ကောက်ဆေးရုံကြီး BHQ (ယခင် Bangkok Medical Center - BMC ဟုခေါ်သည်) ရှိဘန်ကောက်ဆေးရုံဝန်းအတွင်းတွင် တည်ရှိပါသည်။ BHQ ဆေးရုံဝင်းတွင် ဆေးရုံ ၃ ရုံရှိပြီး Bangkok Hospital (ယခင်က Bangkok General Hospital ဟုခေါ်သည်)။
image

ပြီးပြည့်စုံသောကျန်းမာရေးစောင့်ရှောက်မှု

ဘန်ကောက်နှလုံးဆေးရုံတွင် နှလုံးသွေးကြောဆိုင်ရာကုသကုတင် ၉၅ ခု ရှိပြီး နေ့စဉ် ပြင်ပလူနာ ၄၀၀ ခန့် လာရောက်ကုသလျက်ရှိပါသည်။ BHT သည် အဆင့်မြင့်ဆုံးနည်းပညာဖြင့် နှလုံးသွေးကြောဆိုင်ရာ အလုပ်နှင့် ပတ်သက်သော ကျွမ်းကျင်ဆရာဝန် ၇၀ ရှိပါသည်။ သူနာပြုနှင့် ဝန်ထမ်းအင်အားမှာ ၂၀၀ ကျော်ရှိပါသည်။

ပြည်တွင်းပြည်ပ လူနာများအတွက်

ဘန်ကောက်နှလုံးဆေးရုံသည် နိုင်ငံရပ်ခြားဆေးကုသမှုခံယူသောလူနာ 20-25% ခန့်ရှိသော နိုင်ငံတကာဆေးရုံ ဖြစ်ပါသည်။ ၎င်းတို့မှာကမ္ဘာတစ်ဝန်းမှလာရောက်ကုသသူများဖြစ်ပြီး ကျွန်ုပ်တို့၏ခိုင်မာသောကတိကဝတ်များ၊ သင့်လျော်သောပြင်ဆင်မှု၊ အတွေ့အကြုံနှင့် ကောင်းမွန်သောရလဒ်များဖြင့် BHT သည် ပြည်တွင်းနှင့်နိုင်ငံတကာလူနာများအားလုံးအတွက် နှလုံးသွေးကြောဆိုင်ရာအဆင့်မြင့်စောင့်ရှောက်မှုတွင် အကောင်းဆုံးထဲမှတစ်ခုဖြစ်လာစေရန် မျှော်လင့်ယုံကြည်ပါသည်။
ဆုများနှင့်အသိအမှတ်ပြုမှုများ
ကျန်းမာရေးစောင့်ရှောက်မှု၏အမြင့်ဆုံးစံနှုန်းကိုရရှိရန် BHQ နှင့် BHT သည် 2007 ခုနှစ်မှစတင်၍ Joint Commission International (JCI) အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပါသည်။ 2008 ခုနှစ်တွင်လည်း BHTသည် JCI မှ acute coronary syndrome and heart failure Clinical Care Program Certification (CCPC) အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့ပါသည်။ ပရိုဂရမ်များကို 2011 နှင့် 2014 ခုနှစ်တွင် ပြန်လည်အသိအမှတ်ပြုခံ ရပါသည်။ BHQ နှင့် BHT တို့မှရရှိသောအခြားအသိအမှတ်ပြုမှုနှင့်ဆုများကိုပြသနိုင်ရန် ဤနေရာကိုနှိပ်ပါ။