ဝန်ဆောင်မှုများ

နှလုံးရောဂါစစ်ဆေးခြင်းအစီအစဉ်

  1. Primary Screening Program – နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ မရှိသေးသောလူနာများကို ရောဂါဖြစ်နိုင်ချေ စစ်ဆေးခြင်း
  2. Secondary Preventive Program – နှလုံးသွေးကြောရောဂါအခြေအနေကို ပိုမို မဆိုးရွားလာစေရန် အထိရောက်ဆုံးနည်းများဖြင့် စစ်ဆေးခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာအန္တရာယ်ရှိသောဖြစ်ရပ်များ၊ ၎င်း၏နောက်ဆက်တွဲပြဿနာများအတွက် စမ်းသပ်စစ်ဆေးခြင်း

လူနာတစ်ဦးချင်းစီအတွက်ဝန်ဆောင်မှုပေးခြင်း

() နှလုံးကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ခြင်းအစီအစဉ်အတွက် တစ်နေရာတည်းတွင် ပြီးပြည့်စုံသောဝန်ဆောင်မှုပေးခြင်း

  • နှလုံးသွေးကြောဆိုင်ရာ ရောဂါစစ်ဆေးခြင်း
  • plaque အနည်ကျစုလာပုံအဆင့်အားကြည့်၍ နှလုံးသွေးကြောဆိုင်ရာရောဂါကို စောစီးစွာ ကြိုတင်ကာကွယ်ခြင်း

() လူနာတစ်ဦးစီအတွက် သီးသန့်ဖော်စပ်ထားသော ဆေးဝါးများ 

  • လူနာတစ်ဦးချင်းစီအတွက် စမ်းသပ်စစ်ဆေးကုသရန် အစီအစဉ်များ ချမှတ်ခြင်း
  • မျိုးရိုးဗီဇအရ သင့်လျော်သော ဆေးဝါးများ
  • အာဟာရဆိုင်ရာ တိုင်ပင်အကြံပေးမှုများ
  • လူနာ၏ နှလုံးရောဂါအန္တရာယ်ဖြစ်နိုင်ချေရှိမှုအလိုက် နှလုံးပြန်လည်ကောင်းမွန်လာရေး အစီအစဉ်များ

() လူနာအချက်အလက်များ မှတ်ပုံတင်ခြင်းနှင့် စောင့်ကြည့်ခြင်း

  • လူနာတစ်ဦးစီ၏ ကျန်းမာရေးအခြေအနေအား အနီးကပ်စောင့်ကြည့်နိုင်ရန်အတွက် လူနာ၏ဆေးမှတ်တမ်း၊ ဓာတ်ခွဲခန်းအဖြေများနှင့် ရောဂါအဖြေများကို မှတ်တမ်းတင်ထားမည်ဖြစ်ပါသည်။

ဘန်ကောက်ဆေးရုံကြီး၏ နှလုံးရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာအထူးကုဆေးခန်းမှ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့်ဆက်စပ်သော နောက်ဆက်တွဲပြဿနာများဖြစ်နိုင်ချေကို လျှော့ချနိုင်ရန်အတွက် ပြီးပြည့်စုံသော ကျန်းမာရေးဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

အတွေ့အကြုံရင့် ဆရာဝန်များ၊ သူနာပြုများ၊ အာဟာရပညာရှင်နှင့် ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ခန်းပြုလုပ်ပေးသောပညာရှင် (exercise physiologist) တို့ ပါဝင်သော ကျွန်ုပ်တို့အဖွဲ့သည် နှလုံးရောဂါကာကွယ်ရေးတွင် အသိအမှတ်ပြုခံထားရသော ဦးဆောင်သူများဖြစ်ကြပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

နှလုံးရောဂါကာကွယ်ခြင်းဆိုင်ရာအထူးကုဆေးခန်း
ဒုတိယထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး