ဘန်ကောက်နှလုံးဆေးရုံကြီးသည် နှလုံးရောဂါအမျိုးမျိုးအတွက် ၀န်ဆောင်မှုပေးနေသောဆေးရုံဖြစ်ပါသည်။ ထိုနှလုံးရောဂါကုသမှုအမျိုးမျိုးတွင် ကနဦးရောဂါရှာဖွေခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း၊ ကိရိယာထည့် ခွဲစိတ်ကုသခြင်းများ (interventional cardiology)၊ လျှပ်စစ်ကုထုံး (electrophysiology)၊ အဆင့်မြင့်နှလုံးအားနည်းရောဂါကုသခြင်း (advanced heart failure)၊ နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ကုသခြင်း (cardiovascular surgery) တို့ပါ၀င်ပါသည်။ 

ဆေးရုံတွင် ရရှိနိုင်သော ၀န်ဆောင်မှုများမှာ

  • နှလုံးရောဂါရှာဖွေခြင်း
    • ကိရိယာထည့်ခြင်းမပြုလုပ်ဘဲ ရောဂါရှာဖွေခြင်း (Non Invasive)
    • နှလုံးသွေးကြောထဲသို့ ပိုက်ထည့်၍ ရောဂါရှာဖွေခြင်း (Invasive)
    • ပုံရိပ်ဖော်စက်များဖြင့် စစ်ဆေးခြင်း (Imaging)
  • ကုသမှုများ
    • နှလုံးသွေးကြောထဲသို့ ပိုက်ထည့်၍ ကုသခြင်း (Interventional cardiology)
    • ရုတ်တရက် နှလုံးရောဂါဖောက်ခြင်းအတွက် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုကို ၂၄ နာရီပေးနိုင်သော အရေးပေါ်နှလုံးသွေးကြောချဲ့ခြင်းကို မိနစ် ၃၀ အတွင်းပြုလုပ်ခြင်း 
  • ခွဲစိတ်မှုများ
    • နှလုံးသွေးကြောကျဉ်းခြင်းကို သွေးကြောဖြတ်ဆက်ကုသခြင်း (Coronary Artery Bypass Graft Surgery – CABG)
    • အခြားနှလုံးကုထုံးများ (Cardiac procedures)
    • သွေးလွှတ်ကြောနှင့် သွေးပြန်ကြောခွဲစိတ်မှုများ (Vascular Surgery – arteries and veins)
    • ရင်ခေါင်းခွဲစိတ်မှုများ (Thoracic surgery)
    • လည်ပင်းသွေးလွှတ်ကြောခွဲစိတ်ခြင်း (Carotid Endarterectomy)
  • အထူး၀န်ဆောင်မှုများ
    • သွေးကြောအထူးကုစင်တာ (Vascular Center)
    • နှလုံးအားနည်းခြင်းအထူးကုစင်တာ (Heart Failure)
    • နှလုံးရောဂါကြိုတင်ကာကွယ်ကုသမှုဆေးခန်း (Preventive Cardiology Clinic)
    • နှလုံးပြန်လည်ထူထောင်ရေးဆေးခန်း (Cardiac Rehabilitation Clinic)
    • သွေးမခဲစေရန်အထူးကုဆေးခန်း (Anticoagulation Clinic)
    • ကလေးနှလုံးရောဂါအထူးကုဆေးခန်း (Pediatric Cardiology)

အထက်ပါ၀န်ဆောင်မှုများအား ဘန်ကောက်ဆေးရုံရှိ နှလုံးအထူးကုဆရာ၀န်ကြီးများနှင့် နှလုံးခွဲစိတ်အထူးကုဆရာ၀န်ကြီးများမှ အမြင့်ဆုံးသော နိုင်ငံတကာစံညွှန်းများ၊ ခေတ်မီဆန်းသစ်သောနည်းပညာများဖြင့် ကုသပေးလျက်ရှိပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

နှလုံးအထူးကုဆေးခန်း
ပထမထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး
နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ