နှလုံးအထူးကုဆေးခန်းတွင် နှလုံးလူနာအသစ်များနှင့် ရက်ချိန်းပြသသော နှလုံးလူနာများ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ဆေးခန်းများတွင် နှလုံးနှင့်နှလုံးသွေးကြောရောဂါဆိုင်ရာ အထူးကုဆရာ၀န်ကြီးပေါင်း ၂၀ ခန့်မှ နေ့စဉ် ဆွေးနွေးကုသပေးလျက်ရှိပါသည်။ လူနာများအတွက် ရောဂါရှာဖွေခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းများဖြင့်လည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

လူနာများ အဆင်ပြေစေရန်အတွက် ရိုးရှင်းသော နှလုံးကျန်းမာရေးစစ်ဆေးမှုများကို တစ်ရက်အတွင်းပြီးမြောက်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

အထွေထွေ နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာပြဿနာများအတွက် ဆေးခန်းရှိသည့်အပြင် အခြားနှလုံးရောဂါများအတွက် နှလုံးခုန်စည်းချက်မမှန်ခြင်းဆိုင်ရာအထူးကုဆေးခန်း၊ နှလုံးသွေးကြောဆိုင်ရာအထူးကုဆေးခန်း၊ နှလုံးအားနည်းခြင်းဆိုင်ရာအထူးကုဆေးခန်း၊ သွေးခဲခြင်းဆိုင်ရာအထူးကုဆေးခန်း၊ နှလုံးရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာဆေးခန်းနှင့် နှလုံးပြန်လည်ထူထောင်ရေးဆေးခန်းများ ရှိပါသည်။

လူနာများအဆင်ပြေစေရန်အတွက် အလျဥ်းသင့်သလို လာရောက်ပြသခြင်းထက် ရက်ချိန်းကြိုတင်ယူ၍ လာရောက်ပြသရန် အကြံပြုလိုပါသည်။ အလျဥ်းသင့်သလိုလာရောက်ပြသပါက ဝန်ဆောင်မှုတွင် နှောင့်နှေးနိုင်သောကြောင့်ဖြစ်ပါသည်။ ရက်ချိန်းယူထားသောသူများကို ဦးစားပေးသည့်စနစ်ဖြစ်သောကြောင့် ရက်ချိန်းမရှိသောလူနာများအနေဖြင့် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းမျိုး ကြုံနိုင်ပါသည်။ လူနာအသစ်များအနေဖြင့် ဆေးရုံတွင်မှတ်ပုံတင်ခြင်းကို ပြုလုပ်ရပါမည်။

နှလုံးရောဂါဆိုင်ရာ ဆေးခန်း ၃ မျိုး ရှိပါသည်။

() နှလုံးအထူးကုဆေးခန်း

     (က) နှလုံးအထူးကုဆေးခန်း

     () နှလုံးခုန်စည်းချက်မမှန်ခြင်းဆိုင်ရာအထူးကုဆေးခန်း

     () နှလုံးရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာဆေးခန်း

() နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာဆေးခန်းများ

     (က) နှလုံးနှင့်ရင်ခေါင်းခွဲစိတ်စင်တာ

     () သွေးကြောဆိုင်ရာကုသခြင်း

     () နှလုံးပြန်လည်ထူထောင်ရေးဆေးခန်း

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

နှလုံးအထူးကုဆေးခန်း
ပထမထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး
နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ