နှလုံးရောဂါသည် လူကြီးများသာမက ကလေးများမှာပါ ဖြစ်နိုင်ပါသည်။ တချို့မွေးရာပါနှလုံးရောဂါသည် ရိုးရှင်းသည့်အတွက် ကုသစရာမလိုဘဲ သူ့အလိုအလျောက်ပျောက်ကင်းတတ်ပါသည်။ တခြားမွေးရာပါနှလုံးရောဂါများသည် အလွန်ရှုပ်ထွေးပြီး များစွာသော ခွဲစိတ်ကုသမှုများ လိုအပ်နိုင်ပါသည်။ ပြင်းထန်သောမွေးရာပါနှလုံးရောဂါကို ကလေးမမွေးမီနှင့် မွေးပြီးနောက်ပိုင်းတွင် ရောဂါရှာဖွေသိရှိနိုင်ပါသည်။ ကလေးများ ခံစားနေရသည့် ရောဂါလက္ခဏာကို သတိပြုမိသည်နှင့် မိဘများသည် ချက်ချင်းမှန်ကန်တိကျသောစစ်ဆေးမှု၊ ထိရောက်သောကုသမှုများကို ဆောင်ရွက်ပေးရပါမည်။

ကလေးနှလုံးရောဂါဖြစ်စေသည့်အကြောင်းများကို အဓိကအမျိုးအစား ၂ မျိုးခွဲခြားနိုင်ပါသည်။

() မွေးရာပါနှလုံးရောဂါ (Congenital Heart Defects in Children)

ကိုယ်ဝန်ပထမ ၆ ပတ်အတွင်းတွင် သန္ဓေသားလေး၏ နှလုံးပုံသဏ္ဌာန်စတင်ဖြစ်ပေါ်လာပြီး နှလုံးခုန်ခြင်းစတင်ပါသည်။ ကိုယ်ဝန်၏အရေးကြီးသော အချိန်ကာလအတွင်း နှလုံးဆီသို့ ပံ့ပိုးပေးမည့် အဓိကပင်မသွေးကြော စတင်ဖွံ့ဖြိုးလာပါသည်။ ဤအခြေအနေတွင် နှလုံးချို့ယွင်းချက် စတင်ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ချို့ယွင်းချက်ဖြစ်စေသောအချက်များမှာ မျိုးရိုးဗီဇ၊ အချို့သောကျန်းမာရေးအခြေအနေများ၊  အချို့သောဆေးဝါးများ၊ ပတ်ဝန်းကျင်အခြေအနေများ (ဥပမာ ဆေးလိပ်သောက်ခြင်း) စသည်တို့ဖြစ်ပါသည်။ မွေးရာပါနှလုံးရောဂါ ပျမ်းမျှဖြစ်ပွားမှုနှုန်းမှာ အမျိုးမျိုးသောလေ့လာမှုများအရ ကလေးမွေးဖွားမှု ၁၀၀၀ တွင် ၈ ယောက်နှင့်အထက် ဖြစ်နိုင်ကြောင်း လေ့လာသိရှိရပါသည်။ ပြင်းထန်သောမွေးရာပါနှလုံးရောဂါကို မမွေးခင်နှင့် မွေးပြီးမကြာခင်တွင် များသောအားဖြင့် ရောဂါသိရှိနိုင်ပါသည်။ တချို့နှလုံးရောဂါများသည် လူကြီးအရွယ်ရောက်မှ ရှာဖွေတွေ့ရှိတာမျိုးလည်း ရှိပါသည်။ ဥပမာ နှလုံးသွေးကြောများပုံမမှန်ခြင်း၊ နှလုံးအခန်းအကန့်ကြား အပေါက်ပါခြင်းများ၊ တခြားရှုပ်ထွေးသောနှလုံးအခြေအနေများ စသည်တို့ ဖြစ်ပါသည်။ နှလုံးပြဿနာများကို မကုသဘဲထားခြင်း၊ အရွယ်ရောက်မှ ပြင်းထန်သည့် ရောဂါအခြေအနေကို သိရှိရခြင်းများဖြစ်လျှင် ခွဲစိတ်ကုသခြင်းသည် သင့်တော်သောကုထုံးဖြစ်မည်မှာ မသေချာနိုင်ပါ။  သို့ရာတွင် သေးငယ်သောနှလုံးအပေါက်ပါခြင်းနှင့် နှလုံးအဆို့ရှင်အနည်းငယ်ကျဉ်းခြင်း စသည့် အချို့သော မွေးရာပါနှလုံးရောဂါများမှာ မပြင်းထန်သော အခြေအနေဖြစ်သည့်အတွက် ကုသမှုခံယူရန် မလိုအပ်ပေ။ သို့သော် တခြားနောက်ဆက်တွဲအခြေအနေများ မဖြစ်စေရန် လူနေမှုပုံစံပြောင်းလဲခြင်းများပြုလုပ်ရန် အရေးကြီးပါသည်။ 

() မွေးရာပါမဟုတ်သောနှလုံးရောဂါများ (The acquired heart disease in children)

မွေးပြီးနောက်ပိုင်းမှ ဖြစ်သောနှလုံးရောဂါဖြစ်သည်။ ကလေးများတွင် အဖြစ်များသောနှလုံးရောဂါများမှာ

  • လေးဖက်နာပိုးကြောင့်ဖြစ်သော နှလုံးရောဂါ
    လေးဖက်နာရောဂါပိုးကြောင့် နှလုံးအဆို့ရှင် အမြဲတစေ ပျက်စီးဆုံးရှုံးသွားသော အခြေအနေမျိုးဖြစ်ပါသည်။ နှလုံးအဆို့ရှင်ပျက်စီးခြင်းသည် စထရပ်ဘက်တီးရီးယားရောဂါပိုး (Streptococcal infection) ကို ကုသနေဆဲ (သို့မဟုတ်) မကုသဘဲထားသည့် ခဏလေးအတွင်းမှာတွင် ဖြစ်ပေါ်တတ်ပါသည်။ ခန္ဓာကိုယ်မှ တုံ့ပြန်သော ကိုယ်ခံစွမ်းအားသည် အဆက်မပြတ် အဆို့ရှင်ပျက်စီးစေသည့် ရောင်ရမ်းဓာတ်ကို ဖြစ်ပေါ်စေသည်။ လေးဖက်နာရောဂါသည် ကလေးများကျောင်းနေသည့်အသက်အရွယ်တွင် မကြာခဏ ဖြစ်တတ်ပါသည်။ Streptococcal infection သည် ဖြစ်လေ့ဖြစ်ထရှိသော်လည်း အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ခေတ်မီဆေးဝါးများရှိသောကြောင့် လေးဖက်နာရောဂါသည် အဖြစ်နည်းသည်။
  • Kawasaki ရောဂါ
    Kawasaki ရောဂါဆိုသည်မှာ ကလေးများတွင် မွေးရာပါမဟုတ်သောနှလုံးရောဂါမျိုးဖြစ်ပါသည်။ ခန္ဓာကိုယ်အနှံ့အပြားရှိ သွေးလွှတ်ကြောနံရံများကို ရောင်ရမ်းမှုဖြစ်ပေါ်စေခြင်းနှင့် နှလုံးကြွက်သားသို့ သွေးထောက်ပံ့ပေးနေသော သွေးလွှတ်ကြောများကို ရောင်ရမ်းဓာတ်မှဖျက်စီးခြင်းကြောင့် သွေးကြောဖောင်းခြင်းတို့ကို ဖြစ်စေပါသည်။
  • နှလုံးကြွက်သားများ ရောင်ရမ်းခြင်း
    ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော နှလုံးကြွက်သားယောင်ခြင်းဖြစ်ပြီး နှလုံးခုန်စည်းချက်ကို ထိန်းညှိသော လျှပ်စစ်ပတ်လမ်းကြောင်းကို ပျက်ယွင်းစေပါသည်။ ရုတ်တရက် နှလုံးခုန်ရပ်ခြင်းကို ဖြစ်စေသောအဓိကအချက်များထဲမှ တစ်ခုဖြစ်ပါသည်။
  • နှလုံးခုန်စည်းချက်မမှန်ခြင်း
    နှလုံးခုန်စည်းချက်မမှန်ခြင်းဆိုသည်မှာ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ နှလုံးခုန်ပုံမမှန်ခြင်း တို့ဖြစ်ပါသည်။ ကလေးများတွင် အဖြစ်များသောနှလုံးခုန်စည်းချက်ပြဿနာမှာ နှလုံးခုန်မြန်ခြင်းဖြစ်သည်။ နှလုံးခုန်နှုန်းအရမ်းမြန်သောကြောင့် နှလုံးသို့သွေးရောက်မှု အလျင်မမီဖြစ်တတ်ပါသည်။ သူ၏လက္ခဏာများမှာ ရင်တုန်ခြင်း၊ ခုန်နှုန်းမြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မူးဝေခြင်းတို့ဖြစ်သည်။ ရုတ်တရက်နှလုံးရောဂါဖြင့် သေဆုံးသည်အထိဖြစ်နိုင်ပါသည်။

 

မွေးရာပါနှလုံးရောဂါ၏ ရောဂါလက္ခဏာများ

ပြင်းထန်သောမွေးရာပါနှလုံးရောဂါသည် မွေးပြီးမကြာမီတွင် သိသာထင်ရှားစွာတွေ့ရတတ်သည်။ ရောဂါလက္ခဏာများမှာ

  • နို့စို့နေစဉ် အသက်ရှူမဝခြင်း၊ ထိုမှတဆင့် ဖွံ့ဖြိုးမှုချို့ယွင်းခြင်း။
  • ကလေးအသားအရောင်နှင့် လက်သည်းများမှာ မီးခိုးဖျော့၊ ခရမ်းရောင်၊ အပြာရောင်သို့ ပြောင်းလာခြင်း။
  • အသက်ရှူမြန်ခြင်း။

သို့သော် တချို့ကလေးများတွင် အသက် ၂၀၃၀ ရောက်သည်အထိသိသာသောရောဂါလက္ခဏာမျိုးမပြတတ်ပေ။ လေ့ကျင့်ခန်းလုပ်နေစဉ် အသက်ရှူမဝခြင်း နှင့် လှုပ်ရှားမှုလုပ်နေစဉ်တွင် အလွယ်တကူမောလွယ်ခြင်း ပင်ပန်းလွယ်ခြင်းတို့သည် နှလုံးရောဂါကို ညွှန်ပြနေသော လက္ခဏာများဖြစ်ပါသည်။

မွေးရာပါနှလုံးရောဂါကို ကုသခြင်း

တချို့မွေးရာပါနှလုံးချို့ယွင်းချက်ဖြစ်သည့် နှလုံးအပေါက်ပါခြင်းသည် ကလေးကြီးလာသည်နှင့် သူ့အလိုအလျောက်ပြန်ပိတ်သွားတတ်ပါသည်။ တချို့နှလုံးချို့ယွင်းမှုများမှာ ပြင်းထန်သောကြောင့် ကုသမှုလုပ်ရန်လိုအပ်ပါသည်။ ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုများပေါ်မူတည်၍ ကုသမှုများမှာ အမျိုးမျိုးရှိပါသည်။

နှလုံးသို့ ပိုက်ထည့်သောနည်းပညာသုံးခြင်း 

အချို့ကလေးများနှင့် လူရွယ်များတွင် မွေးရာပါနှလုံးချို့ယွင်းမှုများကိုကုသရန် ပိုက်ထည့်၍ကုသနည်းဖြင့် ကုသကြသည်။ ဤကုသမှုမှာ ရင်ဘတ်နှင့်နှလုံးကို ဖွင့်၍ခွဲစိတ်ခြင်းမျိုးမဟုတ်ဘဲ  ခွဲစိတ်မှုဒဏ်ရာအနည်းဆုံးနည်းဖြင့် ကုသခြင်းဖြစ်သည်။ နှလုံးအပေါက်ပိတ်ရန်အတွက် ပိုက်ထည့်သောနည်းကိုသုံး၍ ဓာတ်မှန်ပုံရိပ်အကူအညီဖြင့် ခြေထောက်သွေးပြန်ကြောမှ နှလုံး၏ လိုအပ်သောနေရာအထိရောက်အောင်သွားပြီး mesh patch or plug ဖြင့် ပိတ်ခြင်းဖြစ်သည်။  နှလုံးတစ်သျှူးများ ထိုပိတ်ထားသောနေရာတွင် ဖွံ့ဖြိုးလာပြီး နှလုံးအပေါက်မှာ ၃ လအတွင်း လုံးဝပိတ်သွားပါမည်။

ဤနည်းကို ကလေးအသက် ၅ နှစ်အထက်မှစပြီး ပြုလုပ်နိုင်ပါသည်။ သို့သော် ကုသမှုခံယူထားသောနေရာတွင် သွေးခဲပိတ်ခြင်းမဖြစ်စေရန် သွေးကျဲဆေးကို အနည်းဆုံး ၆ လလောက်ထိ သောက်ဖို့လိုအပ်ပါသည်။ ကုသမှုခံယူပြီးနောက် ၁ လ၊ ၃ လ၊ ၆ လ၊ ၁ နှစ် တွင် နှလုံးပုံရိပ်ဖော်စစ်ဆေးပြီး နှလုံးအထူးကုဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာရပါမည်။

မွေးရာပါနှလုံးချို့ယွင်းမှုများ၏ ၇၅ % အထက်ကို ပိုက်ထည့်သောနည်းပညာဖြင့် ကုသနိုင်သော်လည်း တချို့ ရှုပ်ထွေးသောရောဂါများတွင် အသုံးပြု၍မရနိုင်ပေ။ ထိုအခြေအနေတွင်မူ ခွဲစိတ်ကုသခြင်းသည် ဦးစားပေးကုထုံးဖြစ်ပါမည်။ ရောဂါအခြေအနေ၊ အရွယ်အစား၊ တည်နေရာ၊ ချို့ယွင်းမှုအမျိုးအစားပေါ်မူတည်၍ အကောင်းဆုံးကုသမှုကို အဓိကအားဖြင့် ရွေးချယ်ရပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

ကလေးနှလုံးအထူးကုဆေးခန်း
ပထမထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး
နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ