မျိုးရိုးဗီဇကြောင့်ဖြစ်သော နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာအထူးကုဆေးခန်းသည် မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်သော နှလုံးနှင့် နှလုံးကျန်းမာရေးပြဿနာများကို ဆန်းစစ် စစ်ဆေးပေးပါသည်။ နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ချေများနေပါက ထပ်ဆောင်းစစ်ဆေးမှုများပြုလုပ်ရန် အကြံပေးဆွေးနွေးပါသည်။ မိမိတွင် မျိုးရိုးကြောင့်ဖြစ်သော နှလုံးဆိုင်ရာကျန်းမာရေးပြဿနာဖြစ်နိုင်ချေများခြင်းနှင့် ဖြစ်လာနိုင်သည့် အခြေအနေကို လျှော့ချခြင်းသည် မျိုးရိုးဗီဇကြောင့်ဖြစ်သော နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ရန် အထောက်အကူဖြစ်စေပါသည်။ စောစီးစွာသိရှိခြင်းသည် ရောဂါကို အချိန်မီသိရှိနိုင်ပြီး ကုသနိုင်စေကာ ရောဂါပြင်းထန်မှုနှင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေပါသည်။ မျိုးရိုးကြောင့်ဖြစ်သော နှလုံးရောဂါလူနာများ၏ဘဝအရည်အသွေးကို ပိုမိုကောင်းမွန်စေရန် လူနာ၊ ၎င်းတို့၏မိသားစုနှင့်အတူ ဆွေးနွေးတိုင်ပင်ပြီး တစ်ဦးချင်းဆီအလိုက် လိုအပ်သော ကုသမှုအစီအစဉ်များဖြင့် စောင့်ရှောက်ပေးလျက်ရှိပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

မျိုးရိုးဗီဇကြောင့်ဖြစ်သော နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာအထူးကုဆေးခန်း
ပထမထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး
နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၄ နာရီ