သွေးခဲခြင်း (thrombosis) နှင့် သွေးပျစ်ခြင်း (coagulation) ဆိုတာဘာလဲ။

Thrombosis ဆိုသည်မှာ သွေးခဲဖြစ်လာခြင်းဖြစ်သည်။ သွေးဥမွှားလေးများ စုပြုံလာပြီး သွေးနီဥများစုစည်း သွေးပျစ်လာကာ သွေးခဲခြင်းကိုဖြစ်ပေါ်စေသည်။

သွေးခဲခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ (ပြုတ်ထွက်သွားသည့် သွေးခဲအပိုင်းစ)

  • ကောင်းကျိုးသွေးခဲခြင်းသည် သွေးထွက်ခြင်းကို ရပ်တန့်ရန် ကူညီပေးသည်။
  • ဆိုးကျိုးကပ်နေသောသွေးခဲ (နှင့် ပြုတ်ထွက်သွားသည့် သွေးခဲအပိုင်းစ) သည် သွေးပြန်ကြော သို့မဟုတ် သွေးလွှတ်ကြောများ၏ သွေးစီးဆင်းမှုကို ပိတ်ဆို့နိုင်သည်။ အရေးကြီးသော ကိုယ်ခန္ဓာအင်္ဂါများတွင် ပိတ်ဆို့မှုဖြစ်ပါက အသက်အန္တရာယ်ရှိသော အခြေအနေ ဖြစ်လာနိုင်သည်။

သွေးတိတ်ခြင်း (homeostasis) သည် အသက်ရှင်ခြင်းအတွက်အရေးပါသော်လည်း ဆိုးကျိုးဖြစ်စေသည့်သွေးခဲများ (thrombus) ဖြစ်ပေါ်လာခြင်းသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်။

သွေးခဲခြင်း (thrombosis) နှင့် သွေးခဲအပိုင်းစ (embolus) သည်မည်သို့ဖြစ်ပွားပြီး ၎င်းတို့၏အကျိုးဆက်များမည်သို့ရှိသလဲ။

() သွေးစီးဆင်းမှုသဘာဝ

  • ခြေထောက်များအချိန်ကြာမြင့်စွာ မလုပ်ရှားပါက သွေးစီးဆင်းမှုကိုရပ်တန့်စေပြီး ခြေထောက်အတွင်းရှိ သွေးပြန်ကြောထဲတွင်သွေးခဲ (Deep vein thrombosis) ဖြစ်လာနိုင်သည်။ ထိုအခါ ခြေထောက်များ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနှင့် နီမြန်းခြင်း စသည်တို့ဖြစ်လာသည်။ ခြေထောက်အတွင်းရှိသွေးကြောတွင်ကပ်နေသည့်သွေးခဲမှ  သွေးခဲအပိုင်းစ ပြုတ်ထွက်၍ အဆုတ်သွေးကြောသို့ရောက်လျှင် အဆုတ်အတွင်းသွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေနိုင်ပြီး pulmonary embolus ဟုခေါ်သော ပြင်းထန်သောအခြေအနေဖြစ်လာနိုင်သည်။
  • လူနာတွင် နှလုံးသွေးလွှတ်ခန်းပုံမှန်မခုန်သည့်ရောဂါ (atrial fibrillation) ရှိပါက နှလုံးဘယ်ဘက်အပေါ်ခန်းတွင် သွေးခဲများ (သွေးစီးဆင်းမှုရပ်တန့်စေခြင်း) ဖြစ်ပေါ်နိုင်သည်။ သွေးခဲအပိုင်းစ (embolus) အဖြစ်ပြုတ်သွားပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်း အသီးသီးသို့ ရောက်သွားပါက ပြင်းထန်သော အကျိုးဆက်များဖြစ်လာနိုင်သည်။ ဦးနှောက်အတွင်းရှိ သွေးကြောသို့ သွေးခဲအပိုင်းစ (embolus) ရောက်လျှင် လေဖြတ်ကာ စိုးရိမ်ရသောအခြေအနေများဖြစ်လာနိုင်သည်။

() သွေးကြောနံရံ၏ အရည်အသွေး (သွေးကြောရှိဆဲလ်များ၏ ထိခိုက်ဒဏ်ရာ)

နှလုံးအတွင်းရှိ ပြင်ပပစ္စည်း သို့မဟုတ် သွေးကြောနံရံဖြင့်မဖုံးထားသော သတ္တုနှလုံးအဆို့ရှင် (metal heart valve) တို့တွင် သွေးခဲများဖြစ်ပေါ်နိုင်သည်။ ထိုမှတစ်ဆင့် သွေးခဲအပိုင်းစ (embolus) အဖြစ်ပြုတ်သွားပြီးခန္ဓာကိုယ်၏ အစိတ်အပိုင်း အသီးသီးကို ရောက်သွားပါက ပြင်းထန်သော အကျိုးဆက်များဖြစ်လာနိုင်သည်။ ဦးနှောက်အတွင်းရှိသွေးကြောသို့ သွေးခဲအပိုင်းစ (embolus) ရောက်လျှင် လေဖြတ်ကာစိုးရိမ်ရသော အခြေအနေများဖြစ်လာနိုင်သည်။

သွေးကြောရှိဆဲလ်များ (endothelial) ထိခိုက်ဒဏ်ရာရပြီးနောက် သွေးခဲများဖြစ်ပေါ်လာသည်။ သွေးကြောပျက်စီးခြင်း သို့မဟုတ် အဆီခဲများ (plaque) ကွဲထွက်ပါက နောက်ဆက်တွဲအနေဖြင့် နှလုံးဖောက်ခြင်း (Heart attack) ဟုခေါ်သောစိုးရိမ်ရသော အခြေအနေဖြစ်နိုင်သည်။

() သွေး၏ဖွဲ့စည်းပုံ

အချို့သောလူနာများတွင် သွေးခဲဖြစ်ပေါ်ရန် အလားအလာရှိသော အခြေအနေရှိတတ်သည်။ အများအားဖြင့် antiphospholipid syndrome ဟုခေါ်သော ကိုယ်ခန္ဓာတွင်း မျိုးဗီဇချို့ယွင်းချက်ကြောင့် သွေးခဲလွယ်တတ်သည်။ အချို့သော အခြားအခြေအနေများမှာ သွေးမွှားဥများခြင်း (thrombophilia)၊ ကင်ဆာရောဂါနှင့် သွေးဆိပ်တက်ခြင်း (sepsis) တို့ဖြစ်သည်။

သွေးခဲ အမျိုးအစားများ (သွေးပြန်ကြော သို့မဟုတ် သွေးလွှတ်ကြော)

()သွေးပြန်ကြောတွင်ရှိသွေးခဲ

  • ခြေထောက်အတွင်းထဲရှိ သွေးပြန်ကြောတွင်းရှိသွေးခဲ
  • အဆုတ်တွင်းရှိသော သွေးခဲအပိုင်းစ
  • ကိုယ်ခန္ဓာနေရာအမျိုးမျိုးတွင် သွေးခဲခြင်း

() သွေးလွှတ်ကြောရှိသွေးခဲ

  • လေဖြတ်ခြင်း
  • နှလုံးကြွက်သား ပုပ်ခြင်း
  • အစားထိုးအဆို့ရှင်ရှိ သွေးခဲ
  • နှလုံးသွေးဝင်ခန်းရှိသွေးခဲ

သွေးခဲနိုင်သူများ

  • အသက် 60 နှစ်နှင့်အထက်
  • ယခင်ကသွေးခဲဖူးသူ
  • ဟော်မုန်းကုထုံး ခံယူနေသူ
  • ကင်ဆာရောဂါရှိသူ သို့မဟုတ် ကင်ဆာကုသမှု ခံယူနေသူ
  • နှလုံးခုန်မမှန်သော လူနာ
  • လှုပ်ရှားလို့မရသောသူ (ခြေထောက်အောက်ပိုင်းအရိုးခွဲစိတ်ကုသခြင်း၊ လေဖြတ်ခြင်း၊ အများအပြား ထိခိုက်ဒဏ်ရာရခြင်း၊ နာတာရှည်အိပ်ယာပေါ်လဲနေရသည့် နှလုံးညစ်အားနည်းသောလူနာ၊ လေယာဉ် ခရီးရှည်စီးရခြင်း)
  • နှလုံးအဆို့ရှင်အတု သို့မဟုတ် သွေးကြောအတွင်း ပြင်ပ (သတ္တု) ပစ္စည်းရှိခြင်း
  • Antiphospholipid syndrome၊ ကင်ဆာ ကဲ့သို့ပုံမှန်ထက်ပို၍ သွေးခဲလွယ်စေသော ရောဂါအခံတစ်ခုရှိခြင်း

သွေးခဲ နှင့် သွေးခဲအပိုင်းစကို ကာကွယ်ကုသခြင်း 

() ကြိုတင်ကာကွယ်မှု

  • ဆေးဝါးများ
    • သွေးကျဲဆေး (Anticoagulant) သွေးခဲဖြစ်ခြင်းကို ကာကွယ်ပေးသည်။ Heparin (Unfractionated and Low molecular weight); Factor Xa inhibitor (indirect – Fondaparinux); Factor Xa inhibitor (direct – Rivaroxaban, Apixaban, Endoxaban); Thrombin inhibitor (direct – Dabigatran); Vitamin antagonist (VKA) – Warfarin

ရောဂါအခြေအနေအမျိုးမျိုးနှင့် ရောဂါအဆင့်ပေါ်မူတည်၍ ဆေးညွှန်းပေးရန် တိကျသော လမ်းညွှန်ချက်များရှိသည်။

  • သောက်ဆေးမပါဝင်သော ကုသမှုများ
    • ကိုယ်ခန္ဓာအောက်ပိုင်းရှိ နက်နဲသောသွေးပြန်ကြောများတွင် သွေးခဲများ ဖြစ်ခြင်းအတွက်
      – စောလျှင်စွာ လှုပ်ရှားပေးခြင်း၊
      – ကိုယ်ခန္ဓာအောက်ပိုင်းရှိ သွေးပြန်ကြောများလည်ပတ်မှုကောင်းမွန်စေရန် စက်ပိုင်းဆိုင်ရာနည်းပညာဖြင့် ကုသခြင်း၊
  • အဆုတ်သွေးကြောပိတ်ခြင်း ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်
    – သွေးပြန်ကြောမကြီးအတွင်ထဲ ဇကာ (filter) ထည့်သွင်းခြင်း၊
  • နှလုံးသွေးဝင်ခန်းတုန်ခါခြင်း နှင့် ဘယ်ဘက်နှလုံးသွေးဝင်ခန်းအပိုတွင်း သွေးခဲရှိခြင်းအတွက်
    – ဘယ်ဖက်သွေးဝင်ခန်းအပိုတွင် ဇကာထည့်ခြင်း၊ လျှပ်စီးကြောင်းဖြင့် နှလုံးတုန်ခါမှုကိုဖျောက်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း။

() ကုသမှု

  • သောက်ဆေးဖြင့် ကုသခြင်း
    • ကြိုတင်ကာကွယ်မှုတွင် အသုံးပြုသောသွေးကျဲဆေးများပင်ဖြစ်သည်။

ရောဂါအခြေအနေအမျိုးမျိုးနှင့် ရောဂါအဆင့် ပေါ်မူတည်၍ ဆေးညွှန်းပေးရန် တိကျသော လမ်းညွှန်ချက်များရှိသည်။

  • သောက်ဆေးမပါဝင်သော ကုသမှုများ
    • သွေးခဲထုတ်ခြင်း : သွေးပြန်ကြော၊ သွေးလွှတ်ကြော၊ အဆုတ်။ 

ဘန်ကောက်နှလုံးဆေးရုံ၏ သွေးကျဲဆေးခန်း

  • သွေးခဲခြင်း ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းအတွက် တိုင်ပင်ဆွေးနွေးခြင်း။
  • သွေးကျဲဆေးများကို မှန်ကန်စွာအသုံးပြုရန်အတွက် တိုင်ပင်ဆွေးနွေးခြင်း။
  • လူနာအား ရေတိုနှင့်ရေရှည် ကာကွယ်ကုသမှုများအတွက် သွေးကျဲဆေးခန်းသို့ စာရင်းသွင်းခြင်း။
  • သွေးကျဲဆေး၏ နောက်ဆက်တွဲ ဆိုးကျိုးများကို စီမံခန့်ခွဲခြင်း။
  • သွေးကျဲဆေးသောက်နေသည့်လူနာအတွက် (ခွဲစိတ်မှု) ကုသမှုပြုလုပ်ရန်အတွက် ကြိုတင် ဆေးထိန်းညှိခြင်း။

ဘန်ကောက်နှလုံးဆေးရုံ၏သွေးကျဲဆေးခန်း တွင် Warfarin (VKA) နှင့် INR ထိန်းညှိကုသခြင်း

  • အထူးကုဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် သူနာပြုအဖွဲ့မှ ကုသခြင်း။
  • ကွန်ပြူတာနည်းပညာအထောက်အပံ့ဖြင့် ကုသမှုအစီအစဉ်များ။
  • ပရိုတိုကောနှင့် ပုံရိပ်ပါဇယားများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း။
  • တိကျသောအထောက်အထားများကိုအခြေပြုသည့် ကုသမှုများ။
  • လူနာနှင့် မိသားစု ကျန်းမာရေးပညာပေးခြင်း။
  • လူနာ ဘေးအန္တရာယ် မဖြစ်စေခြင်း။
  • ကုန်ကျစရိတ်အလျောက် ထိရောက်မှုသော တိုးတက်ကောင်းမွန်မှုရှိခြင်း။
  • လူနာအဆင်ပြေသက်သာစေခြင်း။
  • တိကျသော ဆေးဝါးနှင့်ကုသမှုမှတ်တမ်းရှိခြင်း။

INR တိုင်းတာခြင်းနည်းပညာ

ဘန်ကောက်နှလုံးဆေးရုံ၏ သွေးကျဲဆေးခန်းတွင် အောက်ပါဝန်ဆောင်မှုများရရှိနိုင်ပါသည်။

  • စံသတ်မှတ်ထားသော သွေးဖောက်နည်း  သွေးစစ်ရန်အတွက် လူနာသည် ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ သွားရောက်စစ်ဆေးခြင်း။
  • လက်ချောင်းထိပ်ရှိ ဆံချည်မျှင်သွေးကြောမှသွေးဖောက်နည်းလူနာကိုယ်တိုင် မိမိအိမ်တွင် စစ်ဆေးခြင်း။

နေအိမ်တွင် မိမိကိုယ်တိုင်စစ်ဆေးခြင်း 

  • မိမိအိမ်တွင်း INR တိုင်းတာခြင်းအတွက် သွေးဖောက်ရာတွင် တိကျကောင်းမွန်သော နည်းစနစ်လိုအပ်ပါသည်။
  • အိမ်တွင်းဖောက်မည့်လူနာရွေးချယ်ခြင်း သည် အရေးပါသည်။
    • လူနာများတွင် သွေးကျဲဆေးကုထုံးဖြင့် ရေရှည်ကုသရမည့် ရည်ရွယ်ချက်ရှိရမည်။
    • လူနာများသည် မိမိကိုယ်မိမိ စီမံခန့်ခွဲနိုင်စွမ်းရှိရမည်။
    • လူနာများသည် ရလဒ်များကို တိကျစွာမှတ်တမ်းတင်ရန်နှင့် ဆေးခန်းသို့ ရက်ချိန်းများ အချိန်မှန် ပြသရန်ဆန္ဒရှိရမည်။
    • လူနာများသည် စက်ပစ္စည်းကိရိယာကို ကျွမ်းကျင်စွာအသုံးပြုနိုင်ပြီး ရရှိလာသောရလဒ်များကို နားလည်ရမည်။
    • လူနာများသည် ဆေးခန်းတက်ရောက်မှု ပျက်ကွက်မှုမရှိခြင်း သို့မဟုတ် ဆေးသောက်သုံးခြင်းဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာသူဖြစ်ရမည်။
  • သွေးကျဲဆေး သောက်သုံးရခြင်းကြောင့် ဖြစ်လာမည့်နောက်ဆက်တွဲပြဿနာများကို INR စမ်းသပ်မှုအကြိမ်ရေ တိုးမြှင့်ခြင်းဖြင့် လျှော့ချနိုင်သည်။

Bangkok Anticoagulation Clinic Excellence Time in Therapeutic Range (TTR)

  • ဘန်ကောက်နှလုံးဆေးရုံ သွေးကျဲဆေးခန်း၆၅.%
  • ထိုင်းနိုင်ငံရှိ အခြားဆေးရုံများ၏ ပျမ်းမျှ၄၀%

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

သွေးကျဲ ဆေးခန်း
ဒုတိယထပ်၊ H Building၊ ဘန်ကောက်နှလုံးဆေးရုံကြီး